Sunday, March 4, 2012

PSOPs’ Slam Poetry Movement မြင်ကွင်းများ



PSOPs’ Slam Poetry Movement မြင်ကွင်းများ

ပြီးခဲ့တဲ့ စနေနေ့ (၃. ၃. ၂၀၁၂) က PSOPs’ Slam Poetry Team ရဲ့ Slam Poetry Movement ကို ရန်ကုန်မြို့၊ တံတားဖြူ အင်းလျား ကန်ဘောင် ဘေးက စိန်းလန်းစိုပြည် ဥယျာဉ်ထဲမှာ ပြုလုပ် ခဲ့ကြပါတယ်။ အစီအစဉ်ကို ညနေ (၄)နာရီ ဝန်းကျင်မှာ စတင် ခဲ့တာ ဖြစ်ပြီး အနီးအနား ပတ်ဝန်းကျင်ကို Slam Poetry Movement အကြောင်း ထုတ်ဖော် ရှင်းလင်း ထားတဲ့ Pamphlet လေးတွေနဲ့ လုထုကြားထဲ ဖောက်ထွင်း ဝင်ရောက် သွားစေချင်တဲ့ ကဗျာအချို့ကို လိုက်လံ ဝေငှ ပေးနိုင် ခဲ့ပါတယ်။ ပြီးတော့ စိန်းလမ်းစိုပြည် မြက်ခင်းပြင် မှာပဲ Slam Poetry Movement မှာ ပါဝင်တဲ့ ကဗျာဆရာများ ကဗျာတွေ ရွတ်ဆို ခဲ့ကြပါတယ်။ ရွတ်ဆို ခဲ့ကြတဲ့ ကဗျာဆရာ/ ဆရာမ တွေကတော့ မောင်မိုးချို၊ ဟိဏ်းဝေ၊ လွမ်းတေးချို၊ စစ်နိုင်၊ သူရဿဝါ၊ ဆူးခက်မင်း၊ ကြည်သက်ဟန်၊ မြေဇီ၊ မျိုးခတ်၊ အိပွင့်ဖြူ တို့ ဖြစ်ပါတယ်။ ကဗျာ ရွတ်ဆို ချိန်မှာ စိတ်ဝင်စားသူ အချို့လည်း အနီးအနားမှာ လာရောက် နားထောင် ကြတာကို တွေ့ခဲ့ရပါတယ်။ နောက်ထပ် Slam Poetry Movement ကိုတော့ လာမယ့် ၁၇. ၃. ၂၀၁၂ (စနေနေ့) မှာ ထပ်မံ ပြုလုပ် ဦးမယ်လို့ သိရှိရပါတယ်။

ပုံ ( ၁ ) ကြည်သက်ဟန် ကဗျာရွတ်ဆို

ပုံ ( ၂ ) ဟိဏ်းဝေ ကဗျာရွတ်ဆို

 ပုံ ( ၃ ) သူရဿဝါ ကဗျာရွတ်ဆို


Purple Shade Online Poetics
6. March. 2012

0 Comment (s):

Post a Comment