Saturday, February 4, 2012

PSOP Poetry Workshop ( 4. Feb. 2012 ) မြင်ကွင်းများ


PSOP Poetry Workshop ( 4. Feb. 2012 ) မြင်ကွင်းများ

            ပြီးခဲ့သည့် စနေနေ့က ပြည်လမ်း၊ The Diamond Condo ရှိ Green Canteen တွင် PSOPPoetry Workshop နှင့် Group Meeting ကို ပုံမှန် အတိုင်း ဆက်လက် ကျင်းပ ခဲ့သည်။ Poetry Workshop တွင် ကဗျာဆရာ ဟံလင်း၏ ဆောင်းပါးများ ဖြစ်သည့် “Digital Poetry အကြောင်း နည်းနည်း” နှင့် “Digital ကဗျာဆရာမ Amaranth Borsuk နှင့် Interview” ဆောင်းပါး များကို ဦးတည် အခြေပြု၍ Digital Poetry အကြောင်း ဆွေးနွေး ပြောဆို ခဲ့ကြသည်။ ထို့နောက် Group Meeting တွင် Purple Shade Online Magazine ထုတ်ဝေသည့် ကိစ္စများနှင့် PSOPPoetry Performance ပွဲတစ်ပွဲ စတင် ပြုလုပ်ရန် ကိစ္စများကို ဆွေးနွေး ခဲ့ကြသည်။ အဆိုပါ Poetry Workshop သို့ ကဗျာ ချစ်သူများ၊ OPC Member များ၊ စုစုပေါင်း (၁၄)ဦး တက်ရောက် ခဲ့ကြသည်။

 ပုံ ( ၁ ) PSOP စကားဝိုင်း

ပုံ ( ၂ ) ဝဲမှယာ - မိုးသစ်လေပြည် ၊ ဟံလင်း ၊ လွမ်းတေးချို

ပုံ ( ၃ ) မိုးသစ်လေပြည် ကဗျာရွတ်ဖတ်

 ပုံ ( ၄ ) စစ်နိုင် ကဗျာရွတ်ဖတ်

 ပုံ ( ၅ ) PSOP များ ကဗျာအငြင်းအခုန်


Purple Shade Online Poetics
7. Feb. 2012

0 Comment (s):

Post a Comment