Saturday, January 14, 2012

PSOP Poetry Workshop ( 14. Jan. 2012 ) မြင်ကွင်းများ



PSOP Poetry Workshop ( 14. Jan. 2012 ) မြင်ကွင်းများ

ပြီးခဲ့သည့် စနေနေ့တွင် ပြည်လမ်း၊ The Diamond CondoPurple Shade Online Poetics ၏ ပထမဆုံး Poetry Workshop ကို အွန်လိုင်း ကဗျာဆရာများ တက်ရောက် ကျင်းပ ခဲ့ကြသည်။ နေ့လည် (၂)နာရီမှ ညနေ (၅)နာရီ အထိ ပြုလုပ် ခဲ့သော Poetry Workshop တွင် ကဗျာ ရွတ်ဆိုမှုများ၊ ခေတ်ပြိုင် ကဗျာရေးရာ ဆွေးနွေးမှု များနှင့် PSOP (Purple Shade Oline Poetics) ၏ ရှေ့ဆက် ကျင်းပမည့် စာပေဆိုင်ရာ ပွဲများ အကြောင်း ဆွေးနွေး ပြောဆို ခဲ့ကြသည်။ အဆိုပါ Poetry Workshop သို့ အွန်လိုင်း ကဗျာဆရာ များနှင့် ကဗျာ ချစ်သူ ဝါသနာရှင် (၁၉)ဦး တက်ရောက် ခဲ့ကြခြင်း ဖြစ်ပြီး PSOP Organizer များဖြစ်သည့် ကဗျာဆရာ စစ်နိုင်၊ ဆူးခက်မင်း၊ သူရဿဝါနှင့် PSOP Member များ ဖြစ်သည့် ပိုင်ဥာဏ်၊ ကောင်းထက်နေဝင်း၊ အာကာမင်းဦး (သုည)၊ မင်းသိုက်ထွန်း၊ အောင်ကိုကို၊ ဟယ်ရီ၊ ဟံလင်း၊ လွမ်းတေးချို တို့လည်း တက်ရောက် ဆွေးနွေး ခဲ့ကြသည်။

ပုံ ( ၁ ) PSOP များ စကားဖောင်ဖွဲ့