Monday, April 2, 2012

PSOP Poetry Workshop ( 1. April. 2012 ) မြင်ကွင်းများ

PSOP Poetry Workshop ( 1. April. 2012 ) မြင်ကွင်းများ  

ပြီးခဲ့သည့် တနင်္ဂနွေနေ့ (၁. ၄. ၂၀၁၂) နေ့က စံပြရုပ်ရှင်ရုံ မျက်နှာချင်းဆိုင်ရှိ Ice Berry Café  တွင် PSOPPoetry Workshop နှင့် Group Meeting ကို ပုံမှန် အတိုင်း ဆက်လက် ကျင်းပ ခဲ့သည်။ Poetry Workshop တွင် PSOP ၏ ပြပွဲကိစ္စရပ်များ၊ Purple Shade Magazine ကိစ္စများနှင့် Slam Poetry Activity များအကြောင်း ဆွေးနွေး ပြောဆို ခဲ့ကြသည်။ အဆိုပါ Poetry Workshop သို့  PSOP Member နှင့် ဧည့်သည်တော် စုစုပေါင်း (၁၀) ဦး တက်ရောက် ခဲ့ကြသည်။ နောက်တစ်ကြိမ် Workshop ကို လာမည့် စနေနေ့ (၇. ၄. ၂၀၁၂) တွင် ထပ်မံပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

Purple Shade Online Poetics
2. April. 2012

Thursday, March 15, 2012

ခရမ်းရိပ်အနုပညာမဂ္ဂဇင်း (၂၀၁၂ ၊ မတ်လ) ထွက်ပြီ



ခရမ်းရိပ်အနုပညာမဂ္ဂဇင်း (၂၀၁၂ ၊ မတ်လ) ထွက်ပြီ

            Purple Shade Online Poetics အဖွဲ့သားများ စီစဉ် ထုတ်ဝေတဲ့ “ခရမ်းရိပ် အနုပညာမဂ္ဂဇင်း ” ၂၀၁၂ ၊ မတ်လ အတွက် ထွက်ပါပြီ။ ဒီလ မဂ္ဂဇင်းမှာ ကဏ္ဍအလိုက် ပါဝင်ရေးသားကြသူများက အောက်ပါအတိုင်း ဖြစ်ပါတယ်။
            ကဗျာ
            လူခါး ၊ မယ်ယွေး ၊ မောင်မိုးချို ၊ မင်းလုလင် ၊
ငြိမ်းရာ ၊ သော်ဇင်အုန်း ၊ ဆူးခက်မင်း ၊ ဇက်ကကြိုး
သရော်စာ
သူရဿဝါ
အက်ဆေး
            နေပိုင် ၊ အလင်းနှစ်
            ဝတ္ထုတို
            မောင်မိုးမြင့် ၊ သွယ်လင်းဆက် ၊ ဝဏ္ဏဇော်
            စစ်နိုင် ၊ သင်းကွဲ
            အွန်လိုင်းအနုပညာရပ်ဝန်း
            လမ်းလျှောက်ဘလော့ဂါ
            ဆောင်းပါး
            ဖိုးခွား

Wednesday, March 14, 2012

PSOP Poetry Workshop ( 10. March. 2012 ) မြင်ကွင်းများ


PSOP Poetry Workshop ( 10. March. 2012 ) မြင်ကွင်းများ
 
ပြီးခဲ့သည့် စနေနေ့ (၁၀. ၃. ၂၀၁၂) နေ့က ပြည်လမ်း၊ The Diamond Condo ရှိ Green Canteen တွင် PSOPPoetry Workshop နှင့် Group Meeting ကို ပုံမှန် အတိုင်း ဆက်လက် ကျင်းပ ခဲ့သည်။ Poetry Workshop တွင် တက်ရောက် သူများက ကြိုက်နှစ်သက်ရာ ကဗျာများကို ရွတ်ဆို ခဲ့ကြပြီး ၄င်းကဗျာများအကြောင်း ဆွေးနွေး ပြောဆို ခဲ့ကြသည်။ ထို့နောက် Group Meeting တွင် PSOP Slam Poetry Team နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။ အဆိုပါ Poetry Workshop သို့  PSOP Member နှင့် ဧည့်သည်တော် စုစုပေါင်း (၁၀) ဦး တက်ရောက် ခဲ့ကြသည်။

Purple Shade Online Poetics
10. March. 2012

Sunday, March 4, 2012

PSOPs’ Slam Poetry Movement မြင်ကွင်းများ



PSOPs’ Slam Poetry Movement မြင်ကွင်းများ

ပြီးခဲ့တဲ့ စနေနေ့ (၃. ၃. ၂၀၁၂) က PSOPs’ Slam Poetry Team ရဲ့ Slam Poetry Movement ကို ရန်ကုန်မြို့၊ တံတားဖြူ အင်းလျား ကန်ဘောင် ဘေးက စိန်းလန်းစိုပြည် ဥယျာဉ်ထဲမှာ ပြုလုပ် ခဲ့ကြပါတယ်။ အစီအစဉ်ကို ညနေ (၄)နာရီ ဝန်းကျင်မှာ စတင် ခဲ့တာ ဖြစ်ပြီး အနီးအနား ပတ်ဝန်းကျင်ကို Slam Poetry Movement အကြောင်း ထုတ်ဖော် ရှင်းလင်း ထားတဲ့ Pamphlet လေးတွေနဲ့ လုထုကြားထဲ ဖောက်ထွင်း ဝင်ရောက် သွားစေချင်တဲ့ ကဗျာအချို့ကို လိုက်လံ ဝေငှ ပေးနိုင် ခဲ့ပါတယ်။ ပြီးတော့ စိန်းလမ်းစိုပြည် မြက်ခင်းပြင် မှာပဲ Slam Poetry Movement မှာ ပါဝင်တဲ့ ကဗျာဆရာများ ကဗျာတွေ ရွတ်ဆို ခဲ့ကြပါတယ်။ ရွတ်ဆို ခဲ့ကြတဲ့ ကဗျာဆရာ/ ဆရာမ တွေကတော့ မောင်မိုးချို၊ ဟိဏ်းဝေ၊ လွမ်းတေးချို၊ စစ်နိုင်၊ သူရဿဝါ၊ ဆူးခက်မင်း၊ ကြည်သက်ဟန်၊ မြေဇီ၊ မျိုးခတ်၊ အိပွင့်ဖြူ တို့ ဖြစ်ပါတယ်။ ကဗျာ ရွတ်ဆို ချိန်မှာ စိတ်ဝင်စားသူ အချို့လည်း အနီးအနားမှာ လာရောက် နားထောင် ကြတာကို တွေ့ခဲ့ရပါတယ်။ နောက်ထပ် Slam Poetry Movement ကိုတော့ လာမယ့် ၁၇. ၃. ၂၀၁၂ (စနေနေ့) မှာ ထပ်မံ ပြုလုပ် ဦးမယ်လို့ သိရှိရပါတယ်။

ပုံ ( ၁ ) ကြည်သက်ဟန် ကဗျာရွတ်ဆို

Tuesday, February 28, 2012

PSOP Poetry Workshop ( 25. Feb. 2012 ) မြင်ကွင်းများ


PSOP Poetry Workshop ( 25. Feb. 2012 ) မြင်ကွင်းများ

ပြီးခဲ့သည့် စနေနေ့က ပြည်လမ်း၊ The Diamond Condo ရှိ Green Canteen တွင် PSOPPoetry Workshop နှင့် Group Meeting ကို ပုံမှန် အတိုင်း ဆက်လက် ကျင်းပ ခဲ့သည်။ Poetry Workshop တွင် ဆရာသစ္စာနီ၏ “မျက်မှောက်ခေတ် မြန်မာကဗျာ စစ်တမ်း” ဆောင်းပါးကို အခြေပြု၍ Main Stream Poetry နှင့် New Stream Poetry များအကြောင်း ဆွေးနွေး ပြောဆို ခဲ့ကြသည်။ ထို့နောက် Group Meeting တွင် PSOP မှ ကျင်းပမည့် Poetry Performance ပွဲနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။ အဆိုပါ Poetry Workshop သို့  PSOP Member နှင့် ဧည့်သည်တော် စုစုပေါင်း (၁၁) ဦး တက်ရောက် ခဲ့ကြသည်။

ပုံ ( ၁ ) ဝဲမှယာ - ဆူးခက်မင်း ၊ အောင်မျိုးခန့်(မော်ကျွန်း) ၊ ကြယ်စစ်သည် ၊ ဟိဏ်းဝေ

Saturday, February 4, 2012

PSOP Poetry Workshop ( 4. Feb. 2012 ) မြင်ကွင်းများ


PSOP Poetry Workshop ( 4. Feb. 2012 ) မြင်ကွင်းများ

            ပြီးခဲ့သည့် စနေနေ့က ပြည်လမ်း၊ The Diamond Condo ရှိ Green Canteen တွင် PSOPPoetry Workshop နှင့် Group Meeting ကို ပုံမှန် အတိုင်း ဆက်လက် ကျင်းပ ခဲ့သည်။ Poetry Workshop တွင် ကဗျာဆရာ ဟံလင်း၏ ဆောင်းပါးများ ဖြစ်သည့် “Digital Poetry အကြောင်း နည်းနည်း” နှင့် “Digital ကဗျာဆရာမ Amaranth Borsuk နှင့် Interview” ဆောင်းပါး များကို ဦးတည် အခြေပြု၍ Digital Poetry အကြောင်း ဆွေးနွေး ပြောဆို ခဲ့ကြသည်။ ထို့နောက် Group Meeting တွင် Purple Shade Online Magazine ထုတ်ဝေသည့် ကိစ္စများနှင့် PSOPPoetry Performance ပွဲတစ်ပွဲ စတင် ပြုလုပ်ရန် ကိစ္စများကို ဆွေးနွေး ခဲ့ကြသည်။ အဆိုပါ Poetry Workshop သို့ ကဗျာ ချစ်သူများ၊ OPC Member များ၊ စုစုပေါင်း (၁၄)ဦး တက်ရောက် ခဲ့ကြသည်။

 ပုံ ( ၁ ) PSOP စကားဝိုင်း

Saturday, January 14, 2012

PSOP Poetry Workshop ( 14. Jan. 2012 ) မြင်ကွင်းများ



PSOP Poetry Workshop ( 14. Jan. 2012 ) မြင်ကွင်းများ

ပြီးခဲ့သည့် စနေနေ့တွင် ပြည်လမ်း၊ The Diamond CondoPurple Shade Online Poetics ၏ ပထမဆုံး Poetry Workshop ကို အွန်လိုင်း ကဗျာဆရာများ တက်ရောက် ကျင်းပ ခဲ့ကြသည်။ နေ့လည် (၂)နာရီမှ ညနေ (၅)နာရီ အထိ ပြုလုပ် ခဲ့သော Poetry Workshop တွင် ကဗျာ ရွတ်ဆိုမှုများ၊ ခေတ်ပြိုင် ကဗျာရေးရာ ဆွေးနွေးမှု များနှင့် PSOP (Purple Shade Oline Poetics) ၏ ရှေ့ဆက် ကျင်းပမည့် စာပေဆိုင်ရာ ပွဲများ အကြောင်း ဆွေးနွေး ပြောဆို ခဲ့ကြသည်။ အဆိုပါ Poetry Workshop သို့ အွန်လိုင်း ကဗျာဆရာ များနှင့် ကဗျာ ချစ်သူ ဝါသနာရှင် (၁၉)ဦး တက်ရောက် ခဲ့ကြခြင်း ဖြစ်ပြီး PSOP Organizer များဖြစ်သည့် ကဗျာဆရာ စစ်နိုင်၊ ဆူးခက်မင်း၊ သူရဿဝါနှင့် PSOP Member များ ဖြစ်သည့် ပိုင်ဥာဏ်၊ ကောင်းထက်နေဝင်း၊ အာကာမင်းဦး (သုည)၊ မင်းသိုက်ထွန်း၊ အောင်ကိုကို၊ ဟယ်ရီ၊ ဟံလင်း၊ လွမ်းတေးချို တို့လည်း တက်ရောက် ဆွေးနွေး ခဲ့ကြသည်။

ပုံ ( ၁ ) PSOP များ စကားဖောင်ဖွဲ့